တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ

(GMT+08:00)2022-09-11 14:40:42  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ၉ရက်နေ့က အစည်းအဝေးကို ကျင်းပရာ ၁၉ကြိမ်မြောက် ဗဟိုကော်မတီ သတ္တမအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ဆွေးနွေးရန် တင်ပြမည့် ၁၉ကြိမ်မြောက် ဗဟိုကော်မတီမှ တရုတ် ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံထံ အစီရင်ခံစာမူကြမ်း၊ “တရုတ် ကွန်မြူနစ်ပါတီ၏ စည်းမျဉ်း(ပြင်ဆင်ချက်)” မူကြမ်းနှင့် ၁၉ကြိမ်မြောက် ဗဟိုကော်မတီ စည်းမျဉ်းစည်းကမ်း ကြပ်မတ်ရေး ကော်မရှင်မှ တရုတ် ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံထံ လုပ်ငန်း အစီရင်ခံစာ မူကြမ်းကို လေ့လာခဲ့သည်။ တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။