ပါကစ္စတန် ရေဘေးသင့်ဒေသသို့ ကုလအတွင်းရေးမှူးချုပ် ကြည့်ရှု

(GMT+08:00)2022-09-11 14:41:40  

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shabazz Sharifနှင့်အတူ ယခုလ ၁၀ ရက်နေ့က ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Usda Mohammad နှင့် တောင်ပိုင်း Sindh ပြည်နယ် Larkana စသည့် ရေဘေးသင့်ဒေသများသို့ သွားရောက်ပြီး၊ ဘေးသင့်သူများအား နှစ်သိမ့်အားပေး သည့်အပြင်၊ ရေကြီးမှုကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့သည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ရှေးဟောင်းမြို့Mohenjudaro၏ ပျက်သုဉ်းခဲ့သော နေရပ်အကြွင်း  ကိုလည်း ကြည့်ရှုခဲ့ကြသည်ဟု ဆင်ဟွာ သတင်းအရသိရသည်။