အီရန် နျူကလီးယား ပြဿနာ ဆိုင်ရာ ဆွေးနွေးမှုနှင့် ပတ်သက်၍ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့၏ ပြစ်တစ်ချက်များကို အီရန် တုံ့ပြန်

(GMT+08:00)2022-09-11 14:41:16  

ဒေသစံတော်ချိန် ၁၀ရက်နေ့ ညက အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကာနာနီသည် အီရန် နျူကလီးယား ပြဿနာနှင့် ပတ်သက်၍ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့၏ ပြောဆိုချက်ကို တုံ့ပြန်ခဲ့သည်။ အီရန် နျူကလီးယား သဘောတူ စာချုပ် အကောင်အထည်ဖော်ဆောင် ရေး ဆွေးနွေးမှု  ပြန်လည်စတင်ခြင်း အပေါ် အန္တရာယ်ဖြစ်စေသည်ဟု အစောပိုင်းတွင် ၃နိုင်ငံတို့မှ အီရန်အား ပြစ်တင်ခဲ့သည်။ ၃နိုင်ငံတို့က အီရန်သည် နောက်ဆုံး သဘောတူညီချက် တစ်ခု ရရှိရန် အခွင့်အလမ်းကို လက်လွတ်ခံပြီး ၎င်း၏ နျူကလီးယား အစီအစဉ်ကို ဆက်လက် အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့ကြောင်း ပြောကြားသည်။

ယင်းပြောဆိုချက်များနှင့် ပတ်သက်၍ ကာနာနီက စေ့စပ်ဆွေးနွေးမှု၏ သံတမန်လမ်းကြောင်းကို ပျက်ပြားစေမည့်အစား စေ့စပ်ဆွေးနွေးရေးတွင် ကျန်ရှိသော ပြဿနာအချို့ကို ဖြေရှင်းရေး အတွက် အဆိုပါနိုင်ငံများ ပိုမို အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အကြံပြုကြောင်း၊ အီရန်သည် သဘောတူညီချက်တစ်ခု ရရှိရန် လိုအင်ဆန္ဒနှင့် စိတ်ပိုင်းဖြတ်ထားမှု အပြည့်အဝရှိပြီး စေ့စပ်ဆွေးနွေးမှုတွင် ရရှိခဲ့သော တိုးတက်မှုများသည် အီရန်မှ သက်ဆိုင်ရာ အဆိုပြုချက်များ တင်ပြခြင်း၏ ရလဒ်ဖြစ်ကြောင်း၊ ဘက်အသီးသီးများသည် ဆန္ဒရှိကြပြီး အခြားနိုင်ငံများ၏ ဖိအားကို ခံနိုင်ရည်ရှိပါက သဘောတူညီချက်ကို အမြန်ရရှိမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။