စီချွမ်းလူတင့် ငလျင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေ

(GMT+08:00)2022-09-11 14:42:13  

ယခုလ ၁၀ ရက်နေ့က တရုတ်ပြည် စီချွမ်း ပြည်နယ် လူတင့် ငလျင်ဘေးသင့် ဒေသတွင် ဘက်ပေါင်းစုံမှ အင်အားများသည် ဘေးသင့်ဒေသခံပြည်သူများအား ဆက်လက်ရွှေ့ပြောင်းပြီး ပြန်လည်နေရာချထားကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်လျက်ရှိကြသည်။ China Southern Airlines သစ်တော ထိန်းသိမ်းရေး ဌာနချုပ်နှင့် ချိန်တူးမီးသတ် Eagle Air Rescue Teamတို့မှ ဖွဲ့စည်းထားသည့် လေကြောင်းကယ်ဆယ်ရေးအင်အားသည် ရဟတ်ယာဉ် ၅ စင်းကို စုစည်းပြီး၊ ကယ်ဆယ်ရေးနှင့် လွှဲပြောင်းပို့ဆောင်ရေး အလုပ်များကို ဆောင်ရွက်လျက်ရှိ သည်ဟု China Media Group မှ သတင်းအရသိရသည်။