စတုရမ်းလက်မပေသီးတွက်ခုံကြားတွင် ဆက်ခံရေးနှင့် ဆန်းသစ်တီထွင်ရေး

(GMT+08:00)2022-09-10 14:52:45  

ဝမ်စုချိုသည် အန်းဟွေးပြည်နယ် ဟွမ်စန်းမြို့က မူလတန်းကျောင်း သင်္ချာဆရာမ တစ်ဦး ဖြစ်သည့်အပြင် တရုတ်နိုင်ငံတော်အဆင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း “ပေသီးတွက်ခုံသုံးနည်း”၏ ဆက်ခံသူလည်းဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်ပေါင်းများစွာ၌ ဝမ်စုချိုသည် ပေသီးတွက်ခုံသုံးနည်းသင်တန်းလေးကို ဖွင့်လှစ်ထားပြီး ကလေးများ ပေသီး တွက်ခုံပြုလုပ်မှုကို ထိတွေ့ခံစားစေ၍ သက်ကြီးရွယ်အိုများအား ပေသီးတွက်ခုံ အသုံးပြုမှုကို သင်ပေးကာ ပျိုရွယ်သောဆရာဆရာမများနှင့်အတူ  ပေသီးတွက်ခုံသုံးနည်း ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ရှေ့ဆောင်ပြုသည်။