“၂၀၂၂ ခုနှစ် China Media Group တရုတ်လမုန့်ပွဲတော် ညပဒေသာကပွဲ”သည် မိသားစုနှင့် နိုင်ငံတော် အပေါ် စိတ်နေသဘောထားကို ဖော်ပြ

(GMT+08:00)2022-09-10 14:50:24  

    “၂၀၂၂ ခုနှစ် China Media Group တရုတ် လမုန့်ပွဲတော် ညပဒေသာကပွဲ”ကို ယခုလ ၁၀ ရက်နေ့ ည ၈နာရီတွင် CCTV-1၊ CCTV-3၊ CCTV-4၊ CCTV-15၊ CCTV-8K၊ CNR-9၊ Yangshipin အပါအဝင်နှင့် ပင်လယ်ရပ်ခြား လူမှုကွန်ရက် စသည့် ပလက်ဖောင်းများ မှတစ်ဆင့် တစ်ပြိုင်တည်း ထုတ်လွှင့်မည် ဖြစ်သည်။

    ၂၀၂၂ ခုနှစ် China Media Group တရုတ် လမုန့်ပွဲတော် ညပဒေသာကပွဲသည် ကျန်းစူးပြည်နယ် စူးကျိုး ကျန်းကျားကန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ညပဒေသာကပွဲတွင် တမူထူးခြားသော ကျန်းနန်ဒေသထူးခြားချက်ပါဝင်သည့် စူးကျိုးဖိန်ထန်တေးသံစဉ်တီးခတ်မှု  နှင့်အတူ “ငွေရောင် လဝန်း ထွန်းလင်းမှု (Jiang Yue Chu Zhao)” “တောတောင်နှင့်လ (Shan He Ming Yue)” “လမုန့်ပွဲတော်နှင့်လ (Hao Yue Qian Qiu)” ခေါင်းစဉ်၃ခုဖြင့် စတင်မည်ဖြစ်ကာ ရေမြို့ဝိသေသ ထူးခြားချက် ပါရှိသော လုမုန့်ပွဲတော် ညပဒေသာကပွဲကို ပြသမည် ဖြစ်သည်။

    ၂၀၂၂ ခုနှစ် China Media Group တရုတ် လမုန့်ပွဲတော် ညပဒေသာကပွဲတွင် “အတွေးအခေါ်+အနုပညာ+နည်းပညာ” ပေါင်းစပ်ထားသော ထုတ်လွှင့်ဖြန့်ချိရေးကို ပေါ်လွင်စေပြီး ထူးချွန်ကောင်းမွန်သော တရုတ် ရိုးရာ ယဉ်ကျေးမှု၏ တမူထူးခြားသော ဆွဲဆောင်မှုကို ပြသာကာ တရုတ် အမျိုးသား၏ သွေးစည်းညီညွတ်မှုနှင့် ဂုဏ်သိက္ခာ ထွန်းပြောင်မှုကိုလည်း ဖော်ပြမည် ဖြစ်သည်။