လော့စ်အိန်ဂျလိစ်ကောင်တီ- အိုးမဲ့အိမ်မဲ့ဖြစ်သူ ၆၉ဝဝဝ ကျော်လာ

(GMT+08:00)2022-09-10 14:58:17  

     အမေရိကန် နိုင်ငံ လော့စ်အိန်ဂျလိစ် Homeless Services Agency မှ ယခုလ ၈ ရက်နေ့က ကောက်ယူသည့် စာရင်းအရ လော့စ်အိန်ဂျလိစ် ကောင်တီတွင် အိမ်ခြေယာမဲ့သူ ၆၉၁၄၄ ဦးခန့်ရှိပြီး၊ ၂၀၂၀ပြည့်နှစ်မှ ကောက်ယူမှုထက် ၄့ ၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။ လော့စ်အိန်ဂျလိစ် ကောင်တီသည် အမေရိကန်တွင် လူဦးရေအများဆုံးခရိုင်ဖြစ်ပြီး လူဦးရေ ဆယ်သန်းရှိသည်ဟု သတင်းအရသိရသည်။