မင်တယ်ဟွာရှင်းအလယ်တန်းကျောင်းမှ P.E. ဆရာမနှင့် ဘတ်စကက်ဘောနည်းပြဆရာမ ယွီဟုန်ကျွင့်

(GMT+08:00)2022-09-10 14:53:37  

    အသက် ၂၇ အရွယ်ရှိသော ယွီဟုန်ကျွင့်သည် တရုတ်ပြည် ချမ်ရှားမြို့ရှိ မင်တယ်ဟွာရှင်း အလယ်တန်းကျောင်းမှ P.E. ဆရာမနှင့် ဘတ်စကက်ဘောနည်းပြဆရာမဖြစ်ပါသည်။ ယခုအနှစ် သြဂုတ်လက ကျင်းပခဲ့သော ၂၀၂၁-၂၀၂၂ တရုတ်ပြည်လုံးဆိုင်ရာ အလယ်တန်းကျောင်း ဘတ်စကက် ဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ရွီဟုန်ကျွင့် ဦးဆောင်သော မင်တယ်ဟွာရှင်း အလယ်တန်းကျောင်း အမျိုးသား အသင်းသည် ချန်ပီယံဆု ရရှိခဲ့ပါသည်။