ဗြိတိန်နိုင်ငံတွင် ၁၀ ရက်ကြာ ဝမ်းနည်းခြင်းကာလ ကြေညာပြီး ဘာကင်ဟမ် နန်းတော်ရှေ့တွင် ဝမ်းနည်းကြောင်း ပြသသည့်ပြည်သူ များပြား

(GMT+08:00)2022-09-09 13:45:52  

ဒေသစံတော်ချိန် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဗြိတိန်ပြည်သူများသည် ဘာကင်ဟမ် နန်းတော်ရှေ့သို့ ရောက်ရှိသွားပြီး လေးနက်စွာ ဂါရဝပြု ဝမ်းနည်းကြောင်း ပြသကြပါသည်။ ဗြိတိန်နိုင်ငံ၏ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံသွားသော သတင်းကို ကြေညာပြီးနောက် ဗြိတိန်နိုင်ငံတွင် ၁၀ ရက်ကြာ ဝမ်းနည်းခြင်းကာလ သတ်မှတ်ကာ ၁၀ ရက်ပြီးနောက် ဈာပနပြုလုပ်မည်ဖြစ်ကြောင်း ကြေညာသည်။