ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ပြည်လုံးဆိုင်ရာ ကျွမ်းကျင်၊ သိမ်မွေ့၊ ဆန်းသစ်ပြီး ထူးခြားချက် ပါရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-09-09 15:38:24  

၂၀၂၂ ခုနှစ် တရုတ် ပြည်လုံးဆိုင်ရာ ကျွမ်းကျင်၊ သိမ်မွေ့၊ ဆန်းသစ်ပြီး ထူးခြားချက်ပါရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယခုလ ၈ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ ကျန်းစူးပြည်နယ် နန်ကင်းမြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က အသေးစားနှင့် အလတ်စား လုပ်ငန်းကုမ္ပဏီများသည် ထောင်ချီ သောင်းချီ ဖြစ်သော မိသားစုများနှင့် ဆက်စပ်ပြီး ဆန်းသစ်တီထွင်ရေး၊ အလုပ်အကိုင် နေရာချထားမှု တိုးမြှင့်ရေး၊ ပြည်သူလူထုများ၏ နေထိုင်မှုဘဝ တိုးမြှင့်ရေးဆိုင်ရာ အရေးကြီး အင်အား ဖြစ်ကြောင်း၊ ကျွမ်းကျင်၊ သိမ်မွေ့၊ ဆန်းသစ်ပြီး ထူးခြားချက်ပါရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းကုမ္ပဏီများ အနေနှင့် ရည်မှန်းချက်အတိုင်း လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ဖြန့်ဖြူးမှုကွင်းဆက် တည်ငြိမ်မှုကို တွန်းအားပေးရေးနှင့် စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးတွင် ပိုမို အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ရေးသားဖေါ်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။