မြန်မာ ရခိုင်ပြည်နယ် စစ်တွေမြို့ ယာဉ်ထိန်းရဲဌာန တာဝန်ခံ ပစ်သတ်ခံရ

(GMT+08:00)2022-09-09 13:47:36  

ဒေသစံတော်ချိန် ယခုလ ၈ ရက်နေ့ ည ၆နာရီခန့်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့ ယာဉ်ထိန်းရဲဌာနမှ တာဝန်ခံသည် ပစ်သတ်ခံခဲ့ရသည်။ အခင်းဖြစ်ပွားချိန်တွင် ၎င်းသည် စစ်တွေပြည်သူ့ဆေးရုံအနီးရှိ မီးပွိုင့်တွင် စောင့်ဆိုင်းနေစဉ် အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ကြောင်း မျက်မြင်သက်သေက ပြောခဲ့သည်။