ဗြိတိန်နိုင်ငံ၏ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က တတိယမြောက် ဘုရင် Charles ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-09-09 13:51:36  

ဗြိတိန်နိုင်ငံ၏ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယခုလ ၉ ရက်နေ့တွင် တတိယမြောက် ဘုရင်သစ် Charles ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စားလည်းကောင်း၊ မိမိ အနေနှင့် လည်းကောင်း ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်ခဲ့ခြင်း အတွက် နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲကြောင်း၊ ဗြိတိန် ဘုရင်မိသားစု၊ အစိုးရနှင့် ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပါကြောင်း ဖေါ်ပြပါသည်။

ရှီကျင့်ဖိန်က ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးသည် ဗြိတိန် နန်းစံ အချိန် အကြာမြင့်ဆုံးသော ဘုရင် အဖြစ် ကျယ်ပြန့်သော ချီးမွမ်းမှုများ ရရှိခဲ့ကြောင်း၊ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးသည် ပထမဦးဆုံးသော တရုတ်နိုင်ငံသို့ ခရီး လှည့်လည်ခဲ့သည့် ဗြိတိန် ဘုရင် ဖြစ်ကြောင်း၊ ၄င်း၏ ကွယ်လွန်ခြင်းသည် ဗြိတိန် ပြည်သူများ၏ ကြီးမားသော နစ်နာဆုံးရှုံးမှု ဖြစ်ကြောင်း ဖေါ်ပြပါသည်။

ယင်းနေ့၌ပင် တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဗြိတိန် ဝန်ကြီးချုပ်  Truss ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။