ဟိုပေပြည်နယ် ဟန်တန်းမြို့တွင် စက်ဖြင့် ငါးများကို အစာကျွေး

(GMT+08:00)2022-09-09 13:54:01  

တရုတ်နိုင်ငံ ဟိုပေပြည်နယ် ဟန်တန်းမြို့ ကြီးကြေ ခရိုင်ရှိ “ချီကျန့် မိသားစု စိုက်ပျိုးခြံ မွေးမြူရေး စခန်း”တွင်  ငါးအစာကျွေးရန်အတွက် ငါးမွေးကန်များတွင် တုန်ခါသော ငါးအစာကျွေးစက်ပစ္စည်းကို အသုံးပြုထားသည်။ အစာကျွေးသည့်ဧရိယာကြီးမားပြီး ငါးအစာကို အညီအမျှ ခွဲဝေနိုင်သည့်အတွက် လုပ်အားနှင့် ငါးအစာကို သက်သာစေပါသည်။ စက်ဖြင့် အစာကျွေးပြီး မွေးမြူထားသောငါးများသည် မိရိုးဖလာနည်းဖြင့် အစာကျွေးပြီး မွေးမြူထားသောငါးများထက် တစ်လကျော်စောပြီး ဈေးကွက်သို့ ဝင်ရောက် ရောင်းချနိုင်သည့်အပြင် ငါးများ၏ အသားနူးညံ့ပြီး ထွားလည်း ထွားပါသည်။