ကန်တပ်ဖွဲ့ စစ်သားခေါ်ယူရန် အခက်အခဲနှင့် ကြုံတွေ့နေရ

(GMT+08:00)2022-09-09 13:46:50  

အမေရိကန်တပ်ဖွဲ့ အတွင်းရေးမှူးချုပ် (Secretary of the Army) Christine Wormuthက ယခုအထိ အမေရိကန်ကြည်းတပ်သည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စစ်သား ၆သောင်း ခေါ်ယူရန် ရည်မှန်းချက်၏ ၅၂ ရာခိုင်နှုန်းသာ အကောင်အထည်ဖော်ခဲ့ပြီဖြစ်ကြောင်း၊ စက်တင်ဘာလ ၃၀ရက်နေ့အထိ ကြည်းတပ် ဘဏ္ဍာရေးနှစ်ပြီးဆုံးသည့်အခါ စစ်သား ၁သောင်း၅ထောင် ထပ်မံခေါ်ယူရန် လိုသည်ဟု ခန့်မှန်းထားကြောင်း သြဂုတ်လ လလယ်ပိုင်းက ပြောကြားခဲ့သည်ဟု NBC က ရေးသားဖော်ပြခဲ့ပါသည်။ အမေရိကန် ကြည်းတပ်မှအပ ရေတပ်၊ မရိန်းတပ်နှင့် လေတပ်တို့သည်လည်း စစ်သားခေါ်ယူရန် အခက်အခဲနှင့် ကြုံတွေ့နေရပါသည်။ အမေရိကန်မီဒီယာများက စစ်သားခေါ်ယူရန် အခက်အခဲနှင့် ကြုံတွေ့နေရသည့်အခြေအနေကို လာမည့်၃၊၄နှစ်တွင် ဆက်တိုက် တည်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြခဲ့ကြပါသည်။

အမေရိကန်လေတပ်မှ အဆင့်မြင့်အရာရှိဟောင်း Richard Newtonက ၄င်းမှာ တစ်ပြည်လုံး ရင်ဆိုင်နေရသည့်ပြဿနာတစ်ခု ဖြစ်ကြောင်း၊ အမေရိကန်လူငယ်များသည် ဝလွန်းခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်မှုမှတ်တမ်းရှိခြင်း သို့မဟုတ် အထက်တန်းကျောင်း အောင်လက်မှတ် မရှိခြင်း စသည့် အကြောင်းရင်းကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်များတွင် အမေရိကန်တပ်ဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အကြောင်းပြုပြီး အခြားနိုင်ငံများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အရပ်သူအရပ်သား အစုလိုက်အပြုံလိုက် သေကျေအနာတရဖြစ်စေခဲ့ပါသည်။