အာရှ အကြီးဆုံး ပင်လယ်ရေကြောင်း အချက်အချာဖြစ်သော ပင်ဟိုင် အပြန်အလှန်ဆက်သွယ်ရေး လုပ်ငန်းစဉ် စတင် တည်ဆောက်

(GMT+08:00)2022-09-09 13:53:10  

အာရှ အကြီးဆုံး ပင်လယ်ရေကြောင်း အချက်အချာ ဖြစ်သော တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် နင်ပိုမြို့ရှိ ဟန်ကျိုး-နင်ပိုး အမြန်လမ်း၏ နင်ပို ပထမအဆင့် စီမံကိန်း ဖြစ်သည့် ပင်ဟိုင် အပြန်အလှန်ဆက်သွယ်ရေး လုပ်ငန်းစဉ်ကို စတင် တည်ဆောက်နေပါသည်။ 

ယင်းလုပ်ငန်းစဉ်သည် ပင်လယ်ဧရိယာ ၆၁၃ တရုတ်ဧက ကျယ်ဝန်းပြီး ဟန်ကျိုး-နင်ပိုး အမြန်လမ်းနှင့် နင်ပိုး-ကျိုးစန်း အမြန်လမ်းကို ချိတ်ဆက်ထားသော ပင်လယ်ပြင် ခုံးကျော်တံတားဖြစ်ပါသည်။ ယင်းတံတားကြီးသည် ပင်မလိုင်း တံတား ၁ခုနှင့် ချဉ်းကပ်လမ်း တံတား ၈ ခု ပါဝင်ပြီး အဓိကလိုင်း၏ စုစုပေါင်းအရှည် ၁၅၅၀မီတာရှိပြီး ချဉ်းကပ်လမ်း၏ စုစုပေါင်းအရှည်မှာ ၆၃၈၇မီတာရှိပါသည်။ 

ယင်းစီမံကိန်းကို တည်ဆောက်ပြီးစီးပါက ကျင်းထန်တံတားနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး အနာဂတ်တွင် ယင်းစီမံကိန်းဖြင့် ကျိုးစန်းမှ ရှန်ဟိုင်းသို့သွားလျှင် လက်ရှိ အကွာအဝေးနှင့် နှိုင်းယှဉ်ပါက အကွာအဝေး၂၅ကီလိုမီတာခန့် တိုတောင်းမည် ဖြစ်ပါသည်။ ယင်းစီမံကိန်းကို ၂၀၂၃ခုနှစ်တွင် တည်ဆောက်ပြီးစီးနိုင်မည် ဖြစ်ပါသည်။