မိုက်ဂျီတောင် ကျောက်လိုဏ်ဂူက ရှေးဟောင်းပစ္စည်း ပြုပြင်မွမ်းမံသူ

(GMT+08:00)2022-09-09 13:52:18  

အသက် ၅၆နှစ် အရွယ်ရှိ Mou Chang ဟာ တရုတ်နိုင်ငံ ကန်စုပြည်နယ် မိုက်ဂျီတောင် ကျောက်လိုဏ်ဂူ အနုပညာသုတေသနဌာနက အဆင့်မြင့်ပြုပြင်မွမ်းမံသူတစ်ဦးဖြစ်ပါတယ်။ မိုက်ဂျီတောင် ကျောက်လိုဏ်ဂူ ရှေးဟောင်းပစ္စည်း ပြုပြင်မွမ်းမံရေးလုပ်ငန်းကို ၃၇နှစ်ကြာ လုပ်ကိုင်ခဲ့ပြီဖြစ်ပါတယ်။ မိုက်ဂျီတောင်မှာ စုစုပေါင်းလိုဏ်ဂူ ၂၂၁ ခု၊ ပန်းပု ၃၉၈၉ ခု၊ ရုပ်ပွားတော် ၁၀၆၃၂ ဆူ၊ နံရံပန်းချီ စတုရန်းမီတာ ၁၀၀၀ ကျော် သိမ်းဆည်းထားပါတယ်။ အရှေ့တိုင်း ပန်းပုပြတိုက်လို့ အခေါ်အဝေါ် ရှိပါတယ်။

Mou Chang က ရှေးဟောင်းပစ္စည်းပြုပြင်မွမ်းမံရာမှာ ခွဲစိတ်ကုသမှုပြုသလိုပဲ အချိန်ကြာကြာ မတ်တတ်ရပ်ပြီး စိတ်ရှည်လက်ရှည် မရှိရင် လုပ်လို့ မရကြောင်း ပြောကြားပါတယ်။