စီချွမ်း ကမ်ဇီ၌ အသက် ၂ နှစ်အရွယ်ကလေးကို ကျောပိုးပြီး မီးသတ်သမားက မီတာ ၁၀၀ တောင်တက်

(GMT+08:00)2022-09-09 13:38:26  

စက်တင်ဘာလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော လူတင့် မြေငလျင် လှုပ်ခတ်မှုကြောင့် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ဟိုင်လိုဂို ရှုခင်းသာနေရာနှင့် မော်ဆီခရိုင်အကြား လမ်းပြတ်တောက်သွားသည်။ စီချွမ်းပြည်နယ် မီးသတ် ကယ်ဆယ်ရေးအဖွဲ့ချုပ် ချန်တူးအဖွဲ့ငယ်၊ စီချွမ်းပြည်နယ် သစ်တောမီးသတ် အဖွဲ့ချုပ် အထူးတာဝန်အဖွဲ့က ဝန်ထမ်းများသည် မြေပြိုမှုအပိုင်းကို ပြည်သူများ ဖြတ်ကျော်သွား နိုင်ရန်အတွက် ကြိုးများနှင့် ၎င်းတို့၏ ကိုယ်ခန္ဓာများဖြင့် ကယ်ဆယ်ရေး လမ်းကြောင်းကို တည်ဆောက်ခဲ့သည်။