ပါကစ္စတန်တွင် မုတ်သုံမိုး ရွာသွန်းမှုကြောင့် လူ ၁၃၉၁ ဦး သေဆုံး၊ ကုလအတွင်းရေးမှူးချုပ်သည် ဘေးသင့်ဒေသများသို့ လှည့်လည်မည်

(GMT+08:00)2022-09-09 13:48:28  

ပါကစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ နောက်ဆုံး ဒေတာအရ၊ ယခုနှစ် ဇွန်လ လလယ်ပိုင်းမှ ယခုအချိန်အထိ မုတ်သုံမိုး ရွာသွန်းမှုကြောင့် ပါကစ္စတန်တွင် သေဆုံးသူဦးရေသည် ၁၃၉၁ ဦးအထိ ရှိလာခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် ပါကစ္စတန် တစ်နိုင်ငံလုံးတွင် နောက်ထပ် လူ ၃၆ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုလ ၉ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ပါကစ္စတန်နိုင်ငံသို့ ၂ ရက်ကြာ ခရီးလှည့်လည်မည်ဟု ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းအရ သိရသည်။