
လူတင့်ခရိုင်တွင် ပြင်းအား ၆.၈အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက်၊ ကမ်ဇီဒေသ ပြည်သူ့လုံခြုံရေးဌာနမှ အထူးရဲတပ်ဖွဲ့သည် ဘေးသင့်ရာဒေသသို့ ရောက်ရှိသည်။ ကားလမ်းများ ပြတ်တောက်မှုနှင့် ရင်ဆိုင်ရာ၌ အထူးရဲတပ်သားများသည် ကိုယ်ခန္ဓာနှင့် ကြိုးများဖြင့် “အသက်ကယ်တံတား”ကို ဆောက်ထားပြီး ပိတ်မိနေသော ဒေသခံပြည်သူ ၉၀၀ကျော်ကို အောင်မြင်စွာ ရွှေ့ပြောင်း ကယ်ဆယ်နိုင်ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။









