ရုရှားသမ္မတပူတင်သည် မြန်မာနိုင်ငံ အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ

(GMT+08:00)2022-09-08 18:14:35  

စက်တင်ဘာလ ၇ ရက်နေ့တွင် ရုရှားသမ္မတပူတင်သည် မြန်မာနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗလာဒီဗိုစတော့တွင် တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၄ရက်နေ့မှ ၉ရက်နေ့အထိ မြန်မာအိမ်စောင့်အစိုးရဝန်ကြီးချုပ်၊ မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ အလုပ်သဘော သွားရောက် လည်ပတ်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Ulan-Ude မြို့ နှင့် Irkutsk မြို့သို့ သွားရောက်မည်ဖြစ်ပြီး Vostok Cosmodrome အာကာသ လွှတ်တင်ရေးစခန်း၊ အကြီးစား စက်မှုလုပ်ငန်းများနှင့် စာသင်ကျောင်းများကိုလည်း သွားရောက် လည်ပတ်မည် ဖြစ်ပါသည်။