အမျိုးသမီး အထူး ရဲတပ်ဖွဲ့မှနေ စစ်သင်တန်းနည်းပြ ဖြစ်လာသည့် Song Zeting က “စစ်ဝတ်စုံကို ဝတ်တဲ့အခါ ကျွန်မရဲ့ တာဝန်ချင်း မတူဘူး” ဟု ဆို

(GMT+08:00)2022-09-08 18:02:24  

တရုတ်နိုင်ငံ ကျန်းစူးပြည်နယ် ဟိုင်ရင်း စက်မှုအင်ဂျင်နီယာကောလိပ်တွင် ကျောင်းသား သစ်များ စစ်သင်တန်း နည်းပြဆရာမ တစ်ဦး ရှိပါသည်။ သူမသည် ကျောင်း၏ တတိယနှစ် ကျောင်းသူ Song Zeting ဖြစ်ပါသည်။ 

၎င်းက အငြိမ်းစား အမျိုးသမီးစစ်သားတစ်ဦးလည်း ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင် Song Zetingက စစ်တပ်မှ အငြိမ်းစားယူပြီး ကျောင်းပြန်တက်ခဲ့ပါသည်။ ၂၀၂၂ခုနှစ်တွင် ကျောင်းသည် ကျောင်းသားသစ်များအတွက် စစ်သင်တန်း ပြုလုပ်ရာတွင် Song Zetingသည် နည်းပြတစ်ဦးဖြစ်လာရန် အမည် တင်သွင်းခဲ့ပါသည်။ စစ်သင်တန်း ပြုလုပ်ရာနေရာတွင် Song Zetingသည် အယောင်ဖျောက် ဝတ်စုံကို ဝတ်ပြီး ထိုနှစ်တုန်းက အမျိုးသမီး အထူးရဲတစ်ဦး ပြန်ဖြစ်သကဲ့သို့ ဖြစ်သည်။ Song Zetingက “စစ်ဝတ်စုံကို ဝတ်တဲ့အခါ ကျွန်မရဲ့ တာဝန်ချင်း မတူဘူး” ဟု ပြောဆိုပါသည်။