ရှီကျင့်ဖိန်သည် ပီကင်း ဆရာအတတ်သင်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား စာပြန်

(GMT+08:00)2022-09-08 18:16:43  

စက်တင်ဘာလ ၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်း ဆရာအတတ်သင်တက္ကသိုလ်မှ “အနောက်အလယ်ပိုင်း ဖွံ့ဖြိုးမှုနည်းသော ဒေသများအတွက် ထူးချွန်သော ဆရာ ဆရာမများ မွေးထုတ်ရေး စီမံကိန်း”ဆိုင်ရာ ကျောင်းသားကျောင်းသူများအား စာပြန်ပြီး ပီကင်း ဆရာအတတ်သင် တက္ကသိုလ် တည်ထောင်ခဲ့ခြင်း နှစ် ၁၂၀ ပြည့်နှင့် ၃၈ ကြိမ်မြောက် ဆရာ၊ ဆရာမများနေ့ ကျရောက် တော့မည် အခါသမယတွင် ကျောင်းဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားဟောင်းများအား ထောမနာပြုပြီး နှုတ်ခွန်းဆက်သကာ တစ်ပြည်လုံးမှ ဆရာ ဆရာမများအား ပွဲတော်နေ့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

   ရှီကျင့်ဖိန်၏စာထဲတွင် ကျောင်းသားကျောင်းသူများက “ပညာသင်ကြားပို့ချရန် ကြိုးကြိုးစားစား လေ့လာသင်ယူခြင်း၊ ကျင့်ဝတ်တရား လိုက်နာပြီး လူ့ဘောင်အဖွဲ့အစည်း၌ စံနမူနာကောင်း ဖြစ်လာခြင်း” ဟူသော ကျောင်းဆောင်ပုဒ်အတိုင်း ဆက်လက် စွဲစွဲမြဲမြဲ ကြိုးစားရန်၊ အချိန်ရှိခိုက် လုံ့လစိုက် ဆိုသလို ကြိုးကြိုးစားစား ပညာ သင်ယူရန်၊ ဘွဲ့ရပြီးနောက် အမိနိုင်ငံနှင့် ပြည်သူများ အလိုအပ်ဆုံးသောနေရာများကို သွားပြီး ပါတီနှင့် ပြည်သူများ ကျေနပ်အားထားရသော၊ ဆန္ဒ၊ ကျင့်ဝတ်၊ ပညာ၊ ကြင်နာမှု ရှိသည့် ဆရာကောင်းများ ဖြစ်လာဖို့ ကြိုးပမ်းကြရန် မျှော်လင့်ကြောင်း မှာကြားထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။