တရုတ်ပြည်သူလူထုမှ တရုတ်ကွန်မြူနစ်ပါတီနှင့်အစိုးရအပေါ် ကျေနပ်မှု ရာခိုင်နှုန်း ၉၀ ကျော် ၁၀နှစ် ဆက်တိုက် ဖြစ်ခဲ့

(GMT+08:00)2022-09-08 18:13:16  

ကာဂျစ်စတန်နိုင်ငံသမ္မတ Sadyr Nurgozhoevich Japarovသည် မကြာမီက သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်ကွန်မြူနစ်ပါတီအပေါ် သိရှိနားလည်မှုနှင့် ပတ်သက်၍ ပါတီတစ်ပါတီအနေဖြင့် ကိုယ်ကျိုးမဖက်သော ရည်မှန်းချက်ပန်းတိုင် ထားပြီး ပြည်သူများ၏ ဘုံအကျိုးစီးပွား၊ စည်ပင်သာယာရေးနှင့် ကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်လျှင် ထိုပါတီကို ပြည်သူများ၏ ထောက်ခံမှု ထာဝရ ရရှိမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

စက်တင်ဘာလ ၇ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံသည် သမ္မတSadyr Nurgozhoevich Japarov ၏ ပြောဆိုချက်ကို မည်ကဲ့သို့ တုံ့ပြန်ပြောဆိုမည်နည်းဟု သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က အမေရိကန် ဟားဗတ်တက္ကသိုလ်တွင် ၁၀နှစ်ကြာ ဆက်တိုက်ပြုလုပ်ခဲ့သည့် စစ်တမ်း ကောက်ယူမှုတစ်ခုရှိကြောင်း၊ ထိုစစ်တမ်းကောက်ယူမှုအရ တရုတ်ပြည်သူလူထုသည် တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရအပေါ် ကျေနပ်မှု ရာခိုင်နှုန်း၉၀ကျော် ၁၀နှစ် ဆက်တိုက် ရရှိခဲ့ကြောင်း၊ ကမ္ဘာ့အကြီးဆုံးသော အများပြည်သူဆက်ဆံရေး အကြံပေးကုမ္ပဏီ Edelman မှ ထုတ်ပြန်သော အစီရင်ခံစာအရ လွန်ခဲ့သည့် ၂၀၂၁ခုနှစ်က တရုတ်ပြည်သူ များသည် အစိုးရအပေါ် ယုံကြည်မှု ၉၁ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာ့ပထမနေရာတွင် ဆက်လက် တည်ရှိခဲ့ကြောင်း၊ ၄င်းမှာ သမ္မတSadyr Nurgozhoevich Japarov ၏ အကဲခတ်မှုကို အပြည့်အဝ သက်သေပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။