လွန်ခဲ့သော၁၄ နှစ်က ကယ်တင်ခံခဲ့ရသော ကလေးသည် လူတင့်ကို စောင့်ကြပ်နေသည်...

(GMT+08:00)2022-09-08 17:54:37  

စီချွမ်းပြည်နယ် ကန်ဇီဒေသ လူတင့်ခရိုင်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိခဲ့သည်။ ၆ရက်နေ့တွင် လူတင့်ခရိုင် ဝင့်ချွမ်းမှ မီးသတ်သမား Zhang Zili သည် ၂ လသား ကလေးငယ်ကို ပွေ့ဖက်ကာ ဘေးကင်းသောနေရာသို့ ပို့ဆောင်သွားခဲ့သည်။ အင်တာနက်အသုံးပြုသူ တွေက သူ့ကို "ဝင့်ချွမ်းကိုကို" ဟု ခေါ်ကြပါသည်။

Zhang Zili သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူဖြစ်ပြီး ယခု အာပါ့ သစ်တောမီးသတ်အဖွဲ့ ဝင့်ချွမ်းတပ်စုတွင် အလုပ်လုပ်သည်။ ၂၀၀၈ခုနှစ်တွင် ဝင့်ချွမ်း ငလျင်လှုပ်သောအခါ Zhang Ziliသည် မူလတန်းကျောင်း ပထမတန်း ကျောင်းသားဖြစ်ပြီး သူ့အိမ်လည်း ပြိုကျခဲ့သည်။ Zhang Zili က ရဟတ်ယာဉ်သည် ထောက်ပံ့ရေးပစ္စည်းများကို ဝေဟင်မှချပေးပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် မီးသတ်သမားများ၏ အကူအညီဖြင့် ရွက်ဖျင်တဲများ တည်ဆောက်ကာ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးခဲ့သည်ကို ယခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးကြောင်း ပြောကြားခဲ့သည်။