ရှီကျင့်ဖိန်သည် ကင်ညာသမ္မတအဖြစ် ရွေးကောက်ခံရသည့် William Ruto အား ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-09-08 17:57:43  

ရှီကျင့်ဖိန်သည် ကင်ညာသမ္မတအဖြစ် ရွေးကောက်ခံရသည့် William Ruto အား  ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

စက်တင်ဘာလ ၇ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ကင်ညာသမ္မတနိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသည့် William Ruto အား  ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-ကင်ညာ နှစ်နိုင်ငံဆက်ဆံရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး ယခုနှစ်များတွင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ် များစွာရှိကြောင်း၊ မိမိသည် တရုတ်-ကင်ညာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန် အလေးထားပြီး သမ္မတ Ruto နှင့်အတူ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုဆောင်ရွက်ရန် တွန်းအားပေးလိုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါသည်။