ရှီကျင့်ဖိန်သည် ဗဟို ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေးကော်မရှင် ၂၇ ကြိမ်မြောက် အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00)2022-09-08 10:02:29  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ဗဟို ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေးကော်မရှင် ၂၇ ကြိမ်မြောက် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပြီး ဆိုရှယ်လစ် ဈေးကွက်စီးပွားရေး အခြေအနေတွင် သော့ချက်ကျသောနည်းပညာများ သုသေတနပြု ဖေါ်ထုတ်ရေးနှင့် အမျိုးအစားသစ် တစ်နိုင်ငံလုံးဆိုင်ရာ စနစ်များ ပိုမို ပြည့်စုံ ကောင်းမွန်စေရေး လမ်းညွှန်စာတမ်း၊ သယံဇာတ အရင်းအမြစ် ချွေတာရေးလုပ်ငန်းကို ဘက်စုံ မြှင့်တင်ရေး လမ်းညွှန်စာတမ်း စသည့် စာတမ်းများကို စိစစ် အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က အင်အားစုစည်းပြီး အရေးကြီးသည့် အကြောင်းကိစ္စများကို လုပ်ဆောင်နိုင်သည့် တရုတ်နိုင်ငံ ဆိုရှယ်လစ်စနစ်၏ ထင်ရှားသိသာသော အားသာချက်ကို ပြည့်ပြည့်စုံစုံ အသုံးချပြီး အရေးကြီး သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေး ဆိုင်ရာ ပါတီနှင့်နိုင်ငံတော်၏ ဦးဆောင်မှုကို အားဖြည့်ကာ ဈေးကွက်စနစ်၏ အကျိုး သက်ရောက်မှုများကို ပြည့်ပြည့်စုံစုံ အသုံးပြု၍ နိုင်ငံတော်၏ မဟာဗျူဟာမြောက် သိပံ္ပနည်းပညာ အင်အားများနှင့် သိပံ္ပနည်းပညာ သုတေသနပြု ဖေါ်ထုတ်ရေး စည်းစနစ် စွမ်းဆောင်ရည်များကို အားဖြည့် တိုးမြှင့်ပြီး အရေးကြီး လုပ်ငန်းနယ်ပယ်များတွင် ယှဉ်ပြိုင်မှု အားသာချက်ကို ဖြစ်တည်စေရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။