ရုရှားကို အကြမ်းဖက်ဝါဒ ထောက်ခံသော နိုင်ငံများစာရင်းတွင် မထည့်သွင်းရန် ကန် အိမ်ဖြူတော် ဆုံးဖြတ်

(GMT+08:00)2022-09-08 18:12:09  

ယခုနှစ် ဧပြီလက ယူကရိန်းနိုင်ငံသမ္မတသည် ရုရှားနိုင်ငံကို အကြမ်းဖက်ဝါဒ ထောက်ခံသောနိုင်ငံအဖြစ် သတ်မှတ်ရန် တောင်းဆိုခဲ့ပါသည်။ ထို့နောက် အမေရိကန် အထက်လွှတ်တော်သည် ရုရှားနိုင်ငံကို အကြမ်းဖက်ဝါဒ ထောက်ခံသောနိုင်ငံအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါသည်။ စက်တင်ဘာလ ၆ရက်နေ့က အမေရိကန်အိမ်ဖြုတော်မှ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သည် ရုရှားနိုင်ငံကို အကြမ်းဖက်ဝါဒ ထောက်ခံသောနိုင်ငံအဖြစ် မသတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံက ရုရှားနိုင်ငံကို အကြမ်းဖက်ဝါဒ ထောက်ခံသော နိုင်ငံအဖြစ် သတ်မှတ်ရန် တင်ပြချက် ကိုယ်၌ပင် ထိတ်လန့်ဖွယ်ရာပင် ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါသည်။