ဘရာဇီးနိုင်ငံ ဘရာဇီးရီးယားမြို့တော်၌ လွတ်လပ်ရေးရရှိသည့် နှစ် ၂၀၀ ပြည့် ဗိုလ်ရှုပွဲကို ကျင်းပ

(GMT+08:00)2022-09-08 16:34:05  

 

၂၀၂၂ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့သည် ဘရာဇီးနိုင်ငံ လွတ်လပ်ရေးရရှိသည့် နှစ် ၂၀၀ ပြည့်မြောက်နှစ်ဖြစ်ပြီး ထိုနေ့ နံနက် ၉ နာရီတွင် ဘရာဇီးနိုင်ငံ ဘရာဇီးရီးယား မြို့တော်၌ ဗိုလ်ရှုပွဲ စတင်ကျင်းပခဲ့ရာ ဘရာဇီးနိုင်ငံသမ္မတ ဘိုဆိုနာရို တက်ရောက်ကာ ဘရာဇီးနိုင်ငံ ကြည်း၊ ရေ၊ လေတပ်၊ သံချပ်ကာကား တပ်ဖွဲ့နှင့် လေယာဉ်သရုပ်ပြအဖွဲ့တို့မှ တပ်သားစုစုပေါင်း ၃၁၀၀ ခန့်တို့ ပါဝင်ကြသည်။

၁၉၈၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ဘရာဇီးနိုင်ငံသည် ပေါ်တူဂီနိုင်ငံမှ လွတ်လပ်ရေး ရရှိခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုပွဲ မကျင်းပခြင်း ဖြစ်သည်။