၂၀၂၂ ခုနှစ် တရုတ်-အာဆီယံ ရုပ်သံထုတ်လွှင့်မှု ဖိုရမ်ကို နန်နင်း၌ ကျင်းပ

(GMT+08:00)2022-09-08 17:53:32  

စက်တင်ဘာလ ၇ ရက်နေ့က ၂၀၂၂ခုနှစ် တရုတ်-အာဆီယံ ရုပ်သံထုတ်လွှင့်မှု ဖိုရမ်ကို နန်နင်း၌ ကျင်းပခဲ့ရာ ယင်းဖိုရမ်အတောအတွင်း အွန်လိုင်းနှင့် အော့ဖ်လိုင်းဖြင့် ပရောဂျက် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ယခုအကြိမ် လက်မှတ်ရေးထိုးသော ပရောဂျက်များသည် ယခင်ကထက် ပိုမိုကျယ်ပြန့်သော နယ်ပယ်များ ပါဝင်ပြီး ကွမ်ရှီး-ယူနန်အကြား ရေဒီယိုနှင့် ရုပ်မြင်သံကြားနယ်ပယ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမူဘောင် သဘောတူစာချုပ်အပြင် အာဆီယံဝင်ရောက်ရန် ဈေးကွက် ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်၊ တရုတ်-အာဆီယံ နယ်စပ်ဖြတ်ကျော် E-commerce Live-streaming ပူးပေါင်းဆောင်ရွက်မှု၊ ရုပ်ရှင်ကားနှင့် တီဗွီဇာတ်လမ်းတွဲများ ပူးတွဲ ရိုက်ကူးမှုနှင့် တီဗွီဇာတ်လမ်းတွဲများ၊ ရေဒီယို ဇာတ်လမ်းတွဲများ၊ ကာတွန်းများ၊ ရှိုးမျိုးစုံကို အာဆီယံနိုင်ငံများ၌ ထုတ်လွှင့်ခွင့်နှင့် ပြည်ပ ဖြန့်ဝေခွင့် ပြုမှု စသည့်ဘက်များလည်း ပါဝင်သည်။ အဆိုပါ ပရောဂျက်များ ချုပ်ဆိုခြင်းနှင့် အကောင်အထည် ဖော်ဆောင်ခြင်းသည် တရုတ်-အာဆီယံ လူမှုယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးနှင့် ပြည်သူများအချင်းချင်း နားလည်ဆက်ဆံရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။