အမျိုးသားအဆင့် မျိုးသုဉ်းလုနီး အပင် “နှင်းပန်းစိမ်း” ကို ချုံကင်းမြို့တွင် တွေ့ရှိ

(GMT+08:00)2022-09-07 16:25:42  

ယခုနှစ် သြဂုတ်လတွင် ချုံကင်း ယင်းထျော်လင် သဘာဝ ထိန်းသိမ်းရေးဇုန်၌ သိပ္ပံသုတေသနပြုခဲ့ရာ၌ သုတေသီများသည် ပန်းပွင့်လျက် ရှိပြီး မျိုးသုဉ်းလုနီး အပင် “နှင်းပန်းစိမ်း” ကို တွေ့ရှိခဲ့ကြကြောင်း ယခုလ ၅ရက်နေ့က ချုံကင်း ယင်းထျော်လင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးဇုန် စီမံအုပ်ချုပ်ရေးစင်တာမှ သတင်းထုတ်ပြန်ခဲ့ သည်ဟု China Meida Group မှ သတင်းအရ သိရသည်။