စန်းရှီးပြည်နယ် ယွန့်ချိန်မြို့ ယန်ဟူရေကန်ရှိ ဘဲရေကန်ထဲမှာ အရောင်အဆင်း စုံလင်လှ

(GMT+08:00)2022-09-07 16:19:50  

ယန်ဟူရေကန် အရှေ့ဘက် ဘဲရေကန်၏ အကျယ်အဝန်းဟာ ၄.၇ စတုရန်းကီလိုမီတာ ရှိပြီး သမိုင်းမှာ ယန်ဟူရေကန်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အဓိက လျှံတက်ရေ သိုလှောင်ထားဇုန် ဖြစ်ပါတယ်။ ဒီနှစ်များမှာ အထွေထွေ ပြုပြင်ထိန်းသိမ်းမှုဖြင့် ဘဲရေကန်ရဲ့ သဘာဝပတ်ဝန်းကျင် များစွာကောင်းမွန်လာပါပြီ။ လျှံတက်ရေသိုလှောင်ခြင်း၊ ရေရပ်တန့်ခြင်းနှင့် ဂေဟစနစ်တို့ ပေါင်းစပ်ထားတဲ့ သဘာဝ စိမ့်မြေစနစ် ဖြစ်လာတဲ့အပြင် မြို့သူမြို့သားများ  အပန်းဖြေနေရာလည်း ဖြစ်လာပါတယ်။ ယန်ဟူရေကန်ရဲ့ အရောင် ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ရှိလှတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နှစ်စဉ် နွေရာသီမှာ ယန်ဟူရေကန်ထဲ ကျောက်ပွင့်မျိုးနဲ့ ဆားရည်ပိုး လျင်မြန်စွာ မျိုးပွားပြီး အတိုင်းအတာ ကြီးမားစွာ စုစည်းတဲ့အတွက်ကြောင့် မြစ်ရေ အရောင်အမျိုးမျိုး ဖြစ်ပေါ်စေပါတယ်။