Truss သည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ဘုရင်မကြီး၏ ခန့်အပ်မှုကို လက်ခံ

(GMT+08:00)2022-09-07 12:38:28  

ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗြိတိန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော Truss ကို ဗြိတိန် ဘုရင်မကြီး Elizabeth II မှ ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် ခန့်အပ်ခဲ့သည်။ အသက် ၄၇ နှစ်ရှိ Truss သည် Margaret Thatcher နှင့် Theresa May ပြီးနောက် ဗြိတိန်သမိုင်းတွင် တတိယမြောက် အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါသည်။

Truss ကို မခန့်အပ်ခင် ဘုရင်မကြီးသည် ထိုနေ့အစောပိုင်းတွင် ဝန်ကြီးချုပ် Johnson မှ တရားဝင် နုတ်ထွက်စာကို လက်ခံခဲ့ပါသည်။