မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ပစ်ခတ်မှုနှင့် ဗုံးဖောက်ခွဲမှု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-09-07 12:37:43  

စက်တင်ဘာလ ၆ရက်နေ့ ညနေ ၇နာရီ ၄၅ မိနစ်ခန့်တွင် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပစ်ခတ်မှု ဖြစ်ပွားသောကြောင့် ယင်းရပ်ကွက်မှ ရာအိမ်မှူးတစ်ဦး သေဆုံးပြီး ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုနေ့ ည ၉ နာရီ ၁၀မိနစ်ခန့်တွင် ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတွင်လည်း ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် သေကျေ ဒဏ်ရာရရှိမှု သတင်းများ မရှိသေးကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရွှေပြည်သာမြို့နယ်တွင် လှုပ်ရှားနေသော အတိုက်အခံလက်နက်ကိုင်အဖွဲ့သည် ထိုနေ့ညက ဖြစ်ပွားခဲ့သောပစ်ခတ်မှုနှင့် ဗုံးဖောက်ခွဲမှုလုပ်ဆောင်သည်ဟု ကြေညာ ခဲ့ပါသည်။