ချုံကင်းမြို့လမ်းပေါ်တွင် ဧရာမ“လအတု” တွေ့ရှိ၊ မြို့သူမြို့သားများက ဝိုင်းဝန်းကြည့်ရှုပြီး၊ လမုန့်ပွဲကို ဆီးကြိုကြ

(GMT+08:00)2022-09-07 16:26:38  

လမုန့်ပွဲတော်မတိုင်မီတွင် ယခုလ ၆ ရက်နေ့က ချုံကင်းမြို့ လုံမင်ဟော့- ရှေးဟောင်း လမ်းပေါ်တွင် ဧရာမ လအတုကို တွေ့ရှိခဲ့သည်။ ယင်း လအတုသည် အချင်း ၁၂မီတာရှိပြီး၊ Oxford fabric နှင့် လုပ်ထားခြင်းဖြစ်သည်။ မြို့သူမြို့သားများနှင့် ခရီးသည်များစွာတို့သည် လမုန့်ပွဲတော်ကို ဆီးကြိုရန် လာရောက် ဓာတ်ပုံရိုက်ခဲ့ကြသည်ဟု China Meida Group မှ သတင်းအရ သိရသည်။