၁ မိနစ်အတွင်း ကလေးငယ် ၁၄၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်း

(GMT+08:00)2022-09-07 12:36:11  

စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၂ မိနစ်အချိန်က တရုတ်နိုင်ငံ စီချွမ်းပြည်နယ် လူတင့်ခရိုင်တွင် ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ စီချွမ်းပြည်နယ် ဟန့်ယွမ်ခရိုင်ရှိ မူကြိုကျောင်းတစ်ကျောင်းက ဆရာမများသည် ငလျင်လှုပ်ခတ်သည့်အချိန်တွင် စာသင်ခန်းထဲကို အလျင်အမြန်သွားပြီး အိပ်နေသော ကလေးများကို ချီကာ ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်။

စီချွမ်းပြည်နယ် ကန်ဇီဒေသရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ငလျင်လှုပ် သောအခါ ဆရာ၊ဆရာမများက ကျောင်းသားများကို အန္တရာယ်မှ လွတ်မြောက်ရန် ခေါ်ဆောင်သွားပြီး ကျောင်းသားများသည် စားပွဲခုံအောက်တွင် ချက်ချင်း ပုန်းအောင်းကာ ဆရာက ခေါင်းကို ကာကွယ်ထားရန် သတိပေးသည်။ ၁၀စက္ကန့်မပြည့်မီတွင် ကျောင်းသားအားလုံး စာသင်ခန်းမှ ထွက်သွားကြပြီး ဆရာကတော့ နောက်ဆုံးမှ ထွက်သွားသည်။

ငလျင်လှုပ်ချိန်က မြင်ကွင်းများသည် ဆရာ၊ဆရာမများ၏ တုံ့ပြန်မှုများကို မှတ်သားထားကာ ယင်းနောက်ကွယ်တွင် တာဝန်သိစိတ်ရှိရုံသာမက အန္တရာယ်ကို ရင်ဆိုင်ရာတွင် အန္တရာယ်ကို ခေါင်းအေးအေး ရှောင်ရှားခြင်းသဘောလည်း ရှိပါသည်။