လူတင့် ငလျင်လှုပ်ခတ်ခြင်းကြောင့် လူ ၇၄ ဦး သေဆုံး

(GMT+08:00)2022-09-07 15:52:32  

စက်တင်ဘာလ ၆ ရက်နေ့ ည ၉ နာရီအထိ စီချွမ်းပြည်နယ် လူတင့်ခရိုင်တွင် ပြင်းအား ၆.၈အဆင့်ရှိ ငလျင်လှုပ်ခတ်ခြင်းကြောင့် လူ ၇၄ ဦး သေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးကာ ၂၅၉ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေး၊ ဒဏ်ရာရသူများ ရွှေ့ပြောင်းရေး၊ လမ်းပြုပြင်ရေး၊ အန္တရာယ်ရှိသော အခြေအနေများကို စုံစမ်းရှာဖွေရေး စသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၆ ရက်နေ့ ညနေ ၅ နာရီကစပြီး စီချွမ်းပြည်နယ် ကန်ဇီဒေသ အချို့နေရာများ၌ မိုးရွာခဲ့ခြင်းကြောင့် ကန်ဇီဒေသနှင့် ယာအန်မြို့မှ ဒေသခံနေထိုင်သူများ ၁၀၆၅၇ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီဖြစ်ကြောင်း သတင်းအရသိရပါသည်။