ကန် အလုပ်သမားနေ့ ရုံးပိတ်ရက်များတွင် အတိုင်းအတာကြီးမားသော သေနတ်ပစ်ခတ်မှု ၁၂ မှု ဖြစ်ပွားခဲ့

(GMT+08:00)2022-09-07 16:04:40  


ဒေသစံတော်ချိန် စက်တင်ဘာလ ၆ရက်နေ့က အမေရိကန် စီးပွားဖြစ် မဟုတ်သော အဖွဲ့အစည်း Gun Violence Archive (GVA) ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သောစာရင်းအရ အမေရိကန် အလုပ်သမားနေ့ ရုံးပိတ်ရက်များတွင် အတိုင်းအတာ ကြီးမားသော သေနတ်ပစ်ခတ်မှု ၁၂ မှု ဖြစ်ပွားခဲ့ရာ လူ၁၆ဦး သေဆုံးပြီး ၄၇ဦး ဒဏ်ရာရရှိခဲ့ပါသည်။
GVA က ကိုယ့်ကိုယ်ကို သတ်သေခြင်း အပါအဝင် ယခုအထိ ၂၀၂၂ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် လူ ၃သောင်းကျော် သေနတ်အကြမ်းဖက်မှုကြောင့် သေဆုံး ခဲ့ကြောင်း၊ ၄င်းထဲတွင် အတိုင်းအတာကြီးမားသော သေနတ်ပစ်ခတ်မှု ၄၆၄ မှု ပါဝင်ကြောင်း ဖော်ပြခဲ့ပါသည်။ အမေရိကန်အောက်လွှတ်တော် ကြီးကြပ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီမှ နောက်ဆုံးထုတ်အစီရင်ခံစာတွင် အဓိက သေနတ်ထုတ်လုပ်သူများသည် အမေရိကန်ပြည်သူများအား စစ်သုံးလက်နက်များကို ရောင်းချခြင်းဖြင့် အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို ရရှိခဲ့ပြီ ဖြစ်ကြောင်း၊ ၄င်းလက်နက်များကို အတိုင်းအတာ ကြီးမားသော သေနတ်ပစ်ခတ်မှုများတွင် အသုံးပြုလျက် ရှိကြောင်း ဖော်ပြခဲ့ပါသည်။