ယူကရိန်းသမ္မတ Zelensky ၏ ယူကရိန်းသို့ လာရောက်ရန်ဖိတ်ကြားချက်ကို ဗြိတိန်ဝန်ကြီးချုပ် Truss လက်ခံ

(GMT+08:00)2022-09-07 12:39:10  

ဝန်ကြီးချုပ်သစ် Truss သည် Zelensky ၏ ယူကရိန်းနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်သစ် Truss က ယူကရိန်း၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် ဗြိတိန်၏ အခိုင်အမာထောက်ခံမှုကို ထပ်မံပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ကြေညာချက် တစ်စောင်တွင် ဖေါ်ပြခဲ့သည်။