ကန်၏ လူတစ်ဦးချင်း ပျမ်းမျှ သက်တမ်း “သမိုင်းဝင်” ကျဆင်းမှုသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူမှုရေး ပြဿနာများကို ဖော်ပြ
၂၀၂၁ ခုနှစ်တွင် အမေရိကန်၏ လူတစ်ဦးချင်း ပျမ်းမျှ သက်တမ်းသည် ၂၀၂၀ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁နှစ်နီးပါး တိုသွားကြောင်း၊ ယင်းသည် ၄င်းကိန်းဂဏန်း ၂နှစ် ဆက်တိုက် ကျဆင်းလာခြင်း ဖြစ်ကြောင်း အမေရိကန် သက်ဆိုင်ရာ လုပ်ငန်းဌာနမှ မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။ ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁ခုနှစ်များတွင် အမေရိကန်၏ ပျမ်းမျှ သက်တမ်းသည် နှစ်နှစ်အ တွင်း ၃နှစ်နီးပါး ကျဆင်းသွားကြောင်း၊ လွန်ခဲ့သည့် အကြိမ် ယခုကဲ့သို့ ကျဆင်းမှု ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း APသတင်းဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းအရ သိရသည်။
အမေရိကန်၏ ပျမ်းမျှသက်တမ်း ဆက်တိုက်ကျဆင်းမှုသည် တစ်ဖက်တွင် ကိုဗစ် ၁၉ ကပ်ရောဂါနှင့် သက်ဆိုင်ကြောင်း၊ နောက်တစ်ဖက်ကတော့ အမေရိကန်ပြည်သူ့ကျန်းမာရေးစနစ်တွင် တန်းတူညီမျှမှု မရှိခြင်းနှင့် အရင်းအမြစ်များ ခွဲဝေပေးမှု မညီမျှခြင်းကို ဖော်ထုတ်ပြသကာ အမေရိကန် လူ့အဖွဲ့အစည်းတွင် ကာလကြာမြင့်စွာ တည်ရှိခဲ့သော ဖြေရှင်းရခက်သည့် ပြဿနာများကို မီးမောင်းထိုးပြကြောင်း အများပြည်သူ ထင်မြင်ချက်မှ ယူဆကြသည်။