အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်၌ တောမီး ဆက်လက် ပျံ့နှံ့

(GMT+08:00)2022-09-07 12:40:28  

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆာကရာမန်တိုမြို့ မြောက်ဘက် ၃၇၀ ကီလိုမီတာ အကွာအဝေး၌ ဖြစ်ပွားခဲ့သော တောမီးသည် လျင်မြန်စွာ ပျံ့နှံ့နေပြီး ၁၇၂၁ ဟက်တာအထိ မီးလောင်ကာ မီးလောင်မှု၏ ၂၅ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်ကြောင်း၊ ယင်းတောမီးကြောင့် လူ ၂ ဦး သေဆုံးကြောင်း သိရပါသည်။

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းဒေသ၌ ဖြစ်ပွားသော ဖယ်ယာဗျူ တောမီးကြောင့် လူ ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိနေပြီဖြစ်ကြောင်း၊ ယင်း တောမီးလောင်မှုအကျယ်အဝန်းမှာ ၉.၇၁ စတုရန်းကီလိုမီတာ(ဧက ၂၄၀၀)ကျော်ရှိပြီး  ၅  ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်ကြောင်း သိရပါသည်။