ဂျာကာတာ-ဘန်ဒေါင်း အမြန်မောင်း မီးရထားလမ်းနှင့် တရုတ်-လာအို မီးရထားလမ်း အပြန်အလှန် အကျိုးရရှိစေသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းကို ဖော်ပြနိုင်

(GMT+08:00)2022-09-07 16:02:52  


စက်တင်ဘာလ ၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဂျာကာတာ-ဘန်ဒေါင်း အမြန်မောင်း မီးရထားလမ်းမှာ တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံမှ Belt and Road ပူးပေါင်း တည်ဆောက်ရန် အရေးကြီးသောစီမံကိန်းဖြစ်ကြောင်း၊ ၄င်းမီးရထားလမ်း ဖောက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံရော အရှေ့တောင်အာရှပါ ပထမဦးဆုံး အမြန်မောင်း မီးရထားလမ်းဖြစ်လာပြီး အင်ဒိုနီးရှားနိုင်ငံ၏ အပြန်အလှန် ဆက်သွယ်ရေး အဆင့်အတန်းကို များစွာမြှင့်တင်၍ ဒေသခံစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် တောင့်တင်းသောအင်အား ထည့်သွင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်-လာအို မီးရထားလမ်းဖောက်ပြီးနောက် ၉လအတွင်း ခရီးသည် စုစုပေါင်း ၆၇သိန်း၁သောင်း၊ ကုန်ပစ္စည်းတန်ချိန်စုစုပေါင်း ၇၁သိန်း၇သောင်းကို ပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း၊ ရွှေလမ်းကြောင်း၏ အခန်းကဏ္ဍကို ဆက်တိုက် ပေါ်လွင်လာစေပြီး ဒေသတွင်း အပြန်အလှန်ဆက်သွယ်ရန် အရှိန်မြှင့်စက်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် အင်ဂျင်သစ်ဖြစ်လာ၍ ဒေသတွင်းနိုင်ငံများ၏ ချီးကျူးမှုများကို ရရှိကြောင်း ပြောကြားခဲ့ပါသည်။
ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဂျာကာတာ-ဘန်ဒေါင်း အမြန်မောင်း မီးရထားလမ်း နှင့် တရုတ်-လာအို မီးရထားလမ်းတို့သည် Belt and Road အဆိုပြုချက်ကို တင်ပြခဲ့သည့် ၉နှစ် အတွင်းတွင် တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ အတူတကွ ညှိနှိုင်းပြီး အတူတကွတည်ဆောက်ကာ အတူတကွမျှဝေခံစားခြင်း ဟူသော မူများကို စွဲကိုင်ထားခြင်း၊ အပြန်အလှန်အကျိုးရရှိစေသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းကို ဖော်ပြနိုင်ကြောင်း၊ တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ Belt and Roadကို အတူတကွတည်ဆောက်ခြင်းမှာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စီးပွားရေး နာလန်ထူရေးအတွက် အပြုသဘောဆောင်သောခွန်အား ထည့်သွင်းမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများတို့သည် တောတောင်ရေမြေချင်း ဆက်စပ်ပြီး ချစ်ကြည်ရေး နက်ရှိုင်းကာ အေးအတူပူအမျှ ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးတို့နှင့်အတူ Belt and Road ပူးပေါင်းဆောင်ရွက်ရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် ဦးလည်မသုန် တွန်းအားပေးပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာမှုကို အကောင်အထည်ဖော်ရန်၊ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် အကျိုးပြုစွမ်းဆောင်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။