အမေရိကန်၏ နိုင်ငံရေး အကြမ်းဖက်မှု တိုးလာမည်ဟု ကန်နိုင်ငံသား ၆၄ရာခိုင်နှုန်း ယူဆ

(GMT+08:00)2022-09-07 15:54:01  

အမေရိကန် CBSနှင့် Public Opinion Pollsတို့၏ မကြာသေးမီက ပြုလုပ်ခဲ့သော ပူးတွဲ သဘောထားစစ်တမ်းကောက်ယူမှု ရလဒ် အရ အမေရိကန် နိုင်ငံသား ၆၄ရာခိုင်နှုန်းက လာမည့်နှစ် အနည်းငယ်အတွင်း အမေရိကန်နိုင်ငံတွင် နိုင်ငံရေး ရည်ရွယ်ချက်အတွက် ကျူးလွန်သော အကြမ်းဖက်မှုသည် တိုးလာမည်ဟု ယူဆကြပြီး ရာခိုင်နှုန်း ၈၀က မကြာသေးမီနှစ်များအတွင်း  အမေရိကန် နိုင်ငံရေး၏ ယဉ်ကျေးသိမ်မွေ့မှု ကျဆင်းလာသည်ဟု ယူဆကြကြောင်း သိရသည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။