Elizabeth Truss သည် ဗြိတိန် ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌသစ် ဖြစ်လာပြီး ဗြိတိန် ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်မည်

(GMT+08:00)2022-09-06 14:33:58  

ဒေသစံတော်ချိန် စက်တင်ဘာလ ၅ ရက်နေ့က ဗြိတိန်နိုင်ငံ အာဏာရပါတီဖြစ်သည့် ကွန်ဆာဗေးတစ်ပါတီ ဥက္ကဋ္ဌ မဲပေးပွဲရလဒ် ထွက်လာခဲ့ကြောင်း၊ နောက်ဆုံးတွင် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး Elizabeth Trussသည် ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunakအား အနိုင်ရရှိပြီး ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာကြောင်း၊ ဗြိတိန် ဘုရင်မ၏ အသိအမှတ်ပြုမှု ရရှိပြီးနောက် Elizabeth Trussသည် ဗြိတိန်နိုင်ငံသမိုင်းတွင် တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

စက်တင်ဘာလ ၅ရက်နေ့က လူမှုကွန်ရက်မီဒီယာပေါ်တွင် ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Trussအား အာဏာရပါတီ၏ ဥက္ကဋ္ဌသစ်ဖြစ်လာခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုခဲ့သည့် ပို့စ်ကို တင်ခဲ့ကြောင်း၊ တစ်ချိန်တည်း တွင်ပင် “ဥရောပသမဂ္ဂမှ ထွက်ခွာခြင်း”စာချုပ်ကို ဘက်စုံလိုက်နာဆောင်ရွက်ရန် Trussအား ပန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။