အမေရိကန်၏ ဗုံးကြဲလေယာဉ်များသည် အရှေ့အလယ်ပိုင်းတွင် တာဝန်ဆောင်ရွက်ခဲ့ပြီဟု အမေရိကန်စစ်တပ် ဆို

(GMT+08:00)2022-09-06 14:05:15  

အမေရိကန်သည် နျူကလီးယားစွမ်းရည်ရှိသော B-52 တာဝေးပစ် ဗုံးကြဲလေယာဉ် နှစ်စင်းကို စေလွှတ်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ ကောင်းကင်ယံတွင် ပျံသန်းခြင်းဖြင့် စစ်အင်အားကို ပြသခဲ့ကြောင်း၊ ယင်းသည် ၄င်းဒေသတွင် နောက်ဆုံးလုပ်ဆောင်သည့် တာဝန်တစ်ခုဖြစ်ကြောင်း ဒေသစံတော်ချိန် စက်တင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ ဗုံးကြဲလေယာဉ်သည် ဗြိတိန်နိုင်ငံ Fairfordရှိ တော်ဝင်လေတပ်အခြေစိုက်စခန်းမှ ပျံတက်ခဲ့ပြီး ၄ရက်နေ့တွင် မြေထဲပင်လယ်အရှေ့ပိုင်း၊ အာရေဗျကျွန်းဆွယ်နှင့် ပင်လယ်နီဒေသတို့ကို ဖြတ်ကျော်ပျံသန်းကာ ကူဝိတ်နှင့် ဆော်ဒီအရေးဗျ စစ်လေယာဉ်များနှင့်အတူ လေ့ကျင့်ရေးတာဝန်များကို လုပ်ဆောင်ပြီးနောက် ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။