China Media Group သည် ၂၀၂၄ ခုနှစ် ပဲရစ် အိုလံပစ်အားကစားပွဲတော် နိုင်ငံတကာ Public Signal ပြုလုပ်နိုင်သော အဖွဲ့အစည်း တရားဝင်ဖြစ်လာ

(GMT+08:00)2022-09-06 15:48:32  

စက်တင်ဘာလ ၅ရက်နေ့က China Media Group နှင့် Olympic Broadcasting Services (OBS)တို့သည် ၂၀၂၄ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲတော် နိုင်ငံတကာPublic Signalပြုလုပ်ခြင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါသည်။ China Media Groupသည် ၂၀၂၄ခုနှစ် ပဲရစ် အိုလံပစ် အားကစားပွဲတော် Public Signal ပြုလုပ်နိုင်သော အဖွဲ့အစည်း တရားဝင်ဖြစ်လာပါသည်။ ၄င်းသဘောတူစာချုပ်အရ China Media Groupသည် ၂၀၂၄ ခုနှစ် ပဲရစ် အိုလံပစ် အားကစားပွဲတော် ကျွမ်းဘား၊ ပင်းပေါင်၊ ကြက်တောင်ရိုက်နှင့် ကျောက်တောင် တက်ခြင်း ပြိုင်ပွဲစဉ်၎ခု၏ နိုင်ငံတကာ Public Signalကို လက်ခံပြုလုပ်မည် ဖြစ်ပြီး ၂၀၂၄ခုနှစ် ပဲရစ် အိုလံပစ်အားကစားပွဲတော်တွင် Public Signalပြုလုပ်ခြင်း အများဆုံးသော နိုင်ငံတော် အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာန ဖြစ်လာပါသည်။ China Media Groupဥက္ကဋ္ဌ ရှန့်ဟိုင်ရှုံ၊ OBS CEO Yiannis Exarchos တို့သည် အွန်လိုင်းလက်မှတ်ရေးထိုးပွဲသို့ တက်ရောက် ခဲ့ကြပါသည်။

နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bachသည် China Media Group အား ၂၀၂၄ခုနှစ် ပဲရစ် အိုလံပစ်အားကစားပွဲတော် နိုင်ငံတကာPublic Signal ပြုလုပ်နိုင်သော အဖွဲ့အစည်း တရားဝင်ဖြစ်လာခြင်းအတွက် ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။ China Media Group အယ်ဒီတာအဖွဲ့ဝင် XueJijunနှင့် OBS CEO Yiannis Exarchos တို့သည် China Media Groupနှင့် OBSကို အသီးသီးကိုယ်စားပြုပြီး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါသည်။ China Media Group အယ်ဒီတာအဖွဲ့ဝင် Xing Bo နှင့် OBS CFO Stefanos Kourelas တို့သည် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ နိုင်ငံတကာအိုလံပစ်ကော်မတီသည် ၂၀၀၁ ခုနှစ်က OBSကို ဖွဲ့စည်းတည်ထောင်ခဲ့ ပါသည်။ OBSသည် နွေရာသီအိုလံပစ်အားကစားပွဲတော်၊ ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်နှင့် လူငယ်အိုလံပစ်အားကစားပွဲတော်၏ ထုတ်လွှင့်မှုကို တာဝန်ယူသော အဖွဲ့အစည်းဖြစ်ပါသည်။