တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ ဆက်ဆံမှုဆိုင်ရာ အမေရိကန် အစီရင်ခံစာတွင် မဟုတ်မမှန် ဖော်ပြ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပကတိအခြေအနေနှင့် ကိုက်ညီခြင်းနှင့် အစစ်အမှန်ဖြစ်ခြင်း လုံးဝ မရှိဟု ပြောကြား

(GMT+08:00)2022-09-06 14:35:36  

အမေရိကန်မှ မကြာခင်က သက်ဆိုင်ရာအစီရင်ခံစာကို ထုတ်ပြန်ပြီး တရုတ်-အရှေ့အလယ် ဥရောပနိုင်ငံများဆက်ဆံမှုဆိုင်ရာ မဟုတ်မမှန် ပြောဆိုခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယင်းအစီရင်ခံစာတွင် တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ ဆက်ဆံမှုအပေါ် မဟုတ်မမှန် ပြောဆိုမှုနှင့် အကြောင်းမဲ့သက်သက် အပြစ်တင်မှု များစွာပါရှိပြီး၊  ပကတိအခြေအနေနှင့် ကိုက်ညီခြင်းနှင့် အစစ်အမှန်ဖြစ်ခြင်း လုံးဝ မရှိကြောင်း ယခုလ ၅ ရက်နေ့က ပြောကြားခဲ့သည်ဟု China Meida Group မှသတင်းအရသိရသည်။