ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ်မှု အန္တရာယ်ကို လက်တွဲ ရင်ဆိုင် ဖြေရှင်းရမည်ဟု အင်ဒိုနီးရှား ပညာရှင် ဆို

(GMT+08:00)2022-09-06 14:03:54  

၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲကို စက်တင်ဘာလ ၅ ရက်နေ့က ပီကင်း၌ ကျင်းပပြီးစီးခဲ့ပါသည်။ အင်ဒိုနီးရှား နိုင်ငံတကာ မဟာဗျူဟာ သုတေသနစင်တာမှ တရုတ်ပြည်ရေးရာ သုတေသနဌာန သုတေသီ Tjhin Susanna က အထက်ပါ ကုန်စည်ပြပွဲနှင့် ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ်ကို ရေးသား ထုတ်ပြန်ကာ ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ်မှု အန္တရာယ်ကို လက်တွဲ ရင်ဆိုင် ဖြေရှင်းရန် အရေးကြီးကြောင်းကို အလေးအနက် ဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Tjhin Susanna က ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တို့သည် ယခုနှစ် စီးပွားရေး တိုးတက်မှုနှင့် ကုန်စည် ကူးသန်းရောင်းဝယ်မှု တိုးတက်မှု ခန့်မှန်းချက်ကို ၃့ ၂ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်း အထိ အသီးသီး လျှော့ချ သတ်မှတ်ထားသော်လည်း ဝန်ဆောင်မှု ကုန်သွယ်ရေးသည် အလားအလာ အသင့်အတင့် ကောင်းမွန်မည်ဟု ယူဆရကြောင်း ဖေါ်ပြပါသည်။ 

 Tjhin Susanna က စားသုံးကုန် ဖွဲ့စည်းပုံ အဆင့်မြှင့်တင်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်လာသော တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး စားသုံးမှုဈေးကွက် အလားအလာသည် လွန်စွာ ကောင်းမွန်မည် ဖြစ်ကြောင်း ခန့်မှန်း ဖေါ်ပြထားပါသည်။