သူခိုးကလူဟစ် လုပ်နေတဲ့ အမေရိကန် လုံခြုံရေးဦးစီးဌာနက တစ်ကမ္ဘာလုံးမှာ အကြီးဆုံးသော ဟက်ကာ ဖြစ်တယ်

(GMT+08:00)2022-09-06 14:02:17  

ဒီလ ၅ ရက်နေ့မှာ တရုတ် နိုင်ငံတော် ကွန်ပျူတာ ဗိုင်းရပ်စ် အရေးပေါ် စီမံခန့်ခွဲ ဖြေရှင်းရေးစင်တာနဲ့ ၃၆၀ ကုမ္ပဏီတို့က တရုတ် အနောက်မြောက်ပိုင်း စက်မှု တက္ကသိုလ်က ပြည်ပမှ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများကို အသီးသီး ထုတ်ပြန်ခဲ့တယ်။

စုံစမ်းစစ်ဆေးမှုအရ အမေရိကန် နိုင်ငံ လုံခြုံရေး ဦးစီးဌာန NSA လက်အောက်ခံ အထူး ကျူးလွန်ရေး ဆောင်ရွက်မှုရုံး TAO က ဆိုက်ဘာတိုက်ခိုက်မှု လက်နက် အမျိုးပေါင်း ၄၀ ကျော်ကို အသုံးပြုပြီး တရုတ် အနောက်မြောက်ပိုင်း စက်မှု တက္ကသိုလ်ကို ရည်ညွှန်းထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှု အကြိမ်ပေါင်း တစ်ထောင်ကျော် ပြုလုပ်ခဲ့ပြီး အဲဒီ တက္ကသိုလ်မှ အမြုတေကျတဲ့ လျှို့ဝှက်နည်းပညာ အချက်အလက် ဒေတာများကို ခိုးယူခဲ့တယ်။  စုံစမ်းစစ်ဆေးမှုအရ နှစ်ပေါင်းများစွာ အတွင်း TAO က တရုတ်နိုင်ငံရဲ့ အဓိက လုပ်ငန်းကုမ္ပဏီများ၊ အစိုးရဌာနများ၊ တက္ကသိုလ်များ၊ ဆေးကုသရေးနဲ့ သိပ္ပံပညာ သုတေသနဌာနများကို လျှို့ဝှက် ဟက်ကာ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့တယ်။ တရုတ်နိုင်ငံရှိ ဟန်းဖုန်း အသုံးပြုသူများရဲ့ စကားပြောသံကို ခိုးနားထောင်ပြီး message တွေကိုလည်း တရားမဝင် ခိုးယူခဲ့တယ်။

အထက်ပါ အစီရင်ခံစာ နှစ်ခုမှာ သက်သေ အထောက်အထားများ ထင်ရှား ပြည့်စုံပြီး အမေရိကန် ပြည်တွင်းမှ တရုတ်နိုင်ငံအား ဆိုက်ဘာ တိုက်ခိုက်မှု တိုက်ရိုက် ပြုလုပ်သူ ၁၃ ယောက်၊ ဆိုက်ဘာတိုက်ခိုက်မှု ပတ်ဝန်းကျင် ဖန်တီးဖို့ အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီများနဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ် ၆၀ ကျော်၊ အီးဖိုင် ၁၇၀ ကျော်နဲ့ ဆက်စပ်ပါတယ်။

သက်သေအထောက်အထား အမြောက်အမြားက အမေရိကန်ဟာ စစ်မှန်သော ဟက်ကာ ပါဝါနိုင်ငံ၊ ခိုးနားထောင်မှု ပါဝါနိုင်ငံ၊ လျှို့ဝှက်သတင်းအချက်အလက်ကို ခိုးယူတဲ့ ပါဝါနိုင်ငံပဲ ဖြစ်တယ်လို့ ပြသထားတယ်။ ကမ္ဘာပေါ်က ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံများ အနေနဲ့ အမေရိကန်ရဲ့ ဆိုက်ဘာကွန်ရက် ဗိုလ်ကျစိုးမိုးမှုကို ပြတ်ပြတ်သားသား ဆန့်ကျင် သင့်တယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။