ကိုယ်ခန္ဓာနှင့် ကြိုးများဖြင့် “အသက် ကယ်ဆယ်ရေးတံတား”ကို ဆောက်ထား

(GMT+08:00)2022-09-06 14:04:40  

စက်တင်ဘာလ ၅ ရက်နေ့က စီချွမ်းပြည်နယ် ကမ်ဇီ အထူးရဲတပ်ဖွဲ့သည် ငလျင်ဘေးသင့် နေရာသို့ ရောက်ရှိခဲ့သည်။ ငလျင် ဘေးသင့်နေရာတွင် လမ်းများ ပြတ်နေကုန်ပြီ ဖြစ်ခြင်းကို မြင်တွေ့ပြီးနောက် ရဲတပ်ဖွဲ့က ကိုယ်ခန္ဓာနှင့် ကြိုးများဖြင့် “အသက် ကယ်ဆယ်ရေး တံတား”ကို ဆောက်ထားပြီး ပိတ်မိသောင်တင်နေသော ဘေးသင့်ပြည်သူ ၉၀၀ ကျော်ကို ဘေးကင်းရာသို့ ရှေ့ဆင့်နောက်ဆင့် ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြသည်။ ယခု ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲ ဖြစ်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။