အမေရိကန် ဆီယက်တဲလ်တွင် ရေပေါ် လေယာဉ်တစ်စင်း ပျက်ကျပြီး လူတစ်ဦး သေဆုံးကာ ၉ ဦး ပျောက်ဆုံးနေ၊ ကမ်းခြေစောင့်တပ်ဖွဲ့ ရှာဖွေမှု ယာယီရပ်စဲ

(GMT+08:00)2022-09-06 13:58:07  

ဒေသစံတော်ချိန် စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့သည် ၄ ရက်နေ့က ဖြစ်ပွားခဲ့သော ရေပေါ်လေယာဉ် ပျက်ကျမှုတွင် ပျောက်ဆုံးနေသူများအား ရှာဖွေမှုကို ယာယီရပ်စဲကြောင်း ကြေညာသည်။

        ၄ ရက်နေ့က ရေပေါ်လေယာဉ်တစ်စင်းသည် အမေရိကန်နိုင်ငံ ဆီယက်တဲလ် အနောက်မြောက်ပိုင်း၌ ပျက်ကျပြီး ယခုအချိန်အထိ လူတစ်ဦးသေဆုံးပြီး ကလေးတစ်ယောက် အပါအဝင် လူ ၉ ဦး ပျောက်ဆုံးလျက်ရှိသည်။ ရေမိုင် စတုရန်း ၂၁၀၀ ကျော်(စတုရန်းကီလိုမီတာ ၇၂၅၀ ခန့်)ရှိသော ဧရိယာ၌ ရှာဖွေပြီးနောက် ရှာဖွေမှုကို ယာယီရပ်စဲကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။